Press release 16 Oct 2019

InterCon မှရွေးချယ်သော「Top 50 Tech Companies Award」တွင် yathar ကဆုချီးမြှင့်လက်ခံရခြင်း

 | yathar

World Street Myanmar Yathar Co.,Ltd. (yathar) သည် The Internet Conference 2019 (InterCon)
၏ရွေးချယ်ချီးမြှင့်သော「Top 50 Tech Companies Award」အမျိုးအစားတွင်ရွေးချယ်ခံရသောဆုကို ၂၀၁၉ခုနှစ် ၁၀လပိုင်း ၁၄ရက်မှ၁၆ရက်နေ့အထိ ကျင်းပပြုလုပ်သော「InterCon DUBAI」၏ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တက်ရောက်လက်ခံရယူခဲ့ခြင်းးနှင့်ပတ်သက်၍အသိပေးဖော်ပြအပ်ပါသည်။
yathar သည်နောင်အနာဂတ်တွင်လည်း မြန်မာနိုင်ငံမှစတင်၍ ကမ္ဘာတဝှမ်းသို့ နည်းပညာကုမ္ပဏီအဖြစ် ဦးဆောင်လျက် အသုံပြုသူနှင့်လူ့အဖွဲ့အစည်းကိုအထောက်အကူပြုသောဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

■ဆုရွေးချယ်ရခြင်းအကြောင်းအရင်း


InterCon သည် ဆုရွေးချယ်ခြင်းတွင်အချက် (၅) ချက်ကိုအခြေခံပြီး ပြည့်စုံသေချာစွာစိစစ်ရွေးချယ်ပါသည်။ yathar သည် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီသည့်အတွက် ဆုရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါသည်။
1. Overall Reach
2. Influence on the industry
3. Innovation’s mentality
4. Future Prospects
5. Market needs


■ 「InterCon」တနည်းအားဖြင့်「Top 50 Tech Companies Award」ဆိုသည်မှာ


「InterCon」သည် Prism Events Inc. ကကြီးမှူးကျင်းပသောတကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာအစည်းအဝေး
တွင် အကျိုးတူကုမ္ပဏီအဖွဲ့အစည်းဖြစ်ပြီး အင်တာနက်နှင့်ဆက်စပ်နေသောကုမ္ပဏီများအတွက် နှစ်စဉ်ကျင်းပ
ပြုလုပ်လျက်ရှိပါသည်။
「Top 50 Tech Companies Award」ဆိုသည်မှာ နိုင်ငံတကာမှကိုယ်ပိုင်လှုပ်ရှားမှု၊ စွန့်စားမှုတွေကို အမြဲပြုလုပ်နေသည့် နည်းပညာဆိုင်ရာ အကျိုးတူကုမ္ပဏီများထဲမှ နိုင်ငံတကာသို့ထိုးဖောက်မှုအမြင့်ဆုံးကုမ္ပဏီ
များကိုရွေးချယ်ပြီး InterCon အဖွဲ့အစည်းမှ ပေးအပ်သော ဆုဖြစ်ပါသည်။

InterCon: https://www.intercon.world/

■Yathar ဆိုသည်မှာ


၂၀၁၈ခုနှစ်(၄)လပိုင်းမှဝန်ဆောင်မှုစတင်ခဲ့သည့် အစားကောင်းကြိုက်သူများအတွက် application platform အဖြစ်yathar သည် A.I နည်းပညာ၊ စစ်မှန်တဲ့သုံးသပ်ချက်နှင့် SNS စနစ် အပြင် ဘာသာစကားပေါင်းများ စွာအသုံးပြု နိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များထည့်သွင်းထားခြင်း၊ စတင်မိတ်ဆက်ပြီး (၁)နှစ်တာကာ လအတွင်း download ရယူသူ၊ ပုံမှန်အသုံးပြုသူဦးရေသည် နံပါတ်(၁)နေရာအထိ ရောက်ရှိလာသည်နှင့်အညီ မြန်မာနိုင်ငံ၏ စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အဆက်အသွယ်လမ်းကြောင်းများကို တည် ဆောက်ပေးပြီး ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ပြောင်းလဲလာစေရန် အထောက်အပံ့ပေးလျက်ရှိပါသည်။
# Google Play (သို့) App Store မှတဆင့် မြန်မာနိုင်ငံတွင်ဦးဆောင်စတင်ခဲ့သည့် [အစားအသောက်] ဆိုင်အမျိုးအစား/အချက်အလက်များ/ အသုံးပြုသူများ၏ သုံးသပ်ချက် (review) များကို လွယ်ကူစွာသိရှိနိုင်တဲ့ Yathar Application free download ရယူပါ။


■World Street Myanmar Yathar Co.,Ltd. အချက်အလက်
ကုမ္ပဏီအမည် - World Street Myanmar Yathar Co.,Ltd.
ဝန်ဆောင်မှုအမည် - Yathar (မြန်မာဘာသာစကားမှာ “အရသာ”ကို ဆိုလိုသည်။)
Website -https://yathar.com
တည်နေရာ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရန်ကုန်မြို့
ကိုယ်စားလှယ် – Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ (၇)သိန်း
စတင်သည့်နေ့ - ၂၀၁၈ ဖေဖေါ်ဝါရီလ ၁ရက်နေ့

■ (အထက်ပါသတင်းပတ်သက်၍အသေးစိတ်သိရှိလိုပါက)
World Street Myanmar Yathar Co., Ltd.
တာဝန်ခံ - မခင်မြင့်မြင့်ခိုင်
ဖုန်း - +၉၅ ၁ ၈၆၁ ၀၇၃၈
အီးမေး(လ်) – info@yathar.com